close

မန်ယူနိုက်တက်က ဆန်ချိုကိုခေါ်ယူနိုင်ပြီဟု သတင်းထွက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒေါ့မွန်တောင်ပံတိုက်စစ်မှူးဆန်ချိုကို ခေါ်ယူနိုင်ခဲ့ ကြောင်း ဒီတစ်ပတ်အတွင်းမှာ သတင်းထုတ်ပြန်ဖို့ ရှိနေပါတယ်။

ကာလရှည်ပစ်မှတ်ထားခဲ့တဲ့ဆန်ချိုအတွက် မန်ယူအသင်းက ပေါင် ၇၇ သန်းပေးချေမယ်လို့ ကမ်းလှမ်းခဲ့ပြီး ဒေါ့မွန်ဘက်ကလည်း လက်ခံဖို့ရှိတယ်လို့ သိရပါတယ်။ 

ကနဦးပေါင် ၇၃ သန်းပေးချေမှာဖြစ်ပြီး အောင်မြင်မှု အပေါ်မူတည်ပြီးနောက်ထပ် ပေါင် ၄ သန်း ပေးချေရနိုင်တယ်လို့ ဆိုပါတယ်။ 

အသက် ၂၁ နှစ်ရှိ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေတာပါ။ 

ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲအပြီးမှာ ဆန်ချိုနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up