ပုသိမ်တွင် ကိုဗစ်လူနာ ၄၉ ဦးထပ်မံသေဆုံး၊ သေဆုံးသူ ၃၀၀ ခန့်ရှိလာ

ပုသိမ်မြို့မှာ ဇူလိုင် ၇ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂၉၂ ဦးရှိပြီလို့ သိရှိရပါတယ်။
ဆေးရုံကြီးက ၁၃ ဦး၊ မဆရ-၄ တောင်ပေါ်ဆေးရုံက ၂ ဦး၊ နေအိမ်တွေက ၃ေ ဦး ပေါင်း ၄၉ ဦးရှိကြောင်း သိရှိရပါတယ်။
ပုသိမ်မြို့ခံ တစ်ဦးက “ဆေးရုံမှာ ဆေးဝါး လိုအပ်ချက်လည်း ရှိတယ်၊ ညဘက်အချိန်တွေမှာဆို ဆေးဝါးရဖို့ အခက်အခဲတွေလည်း ဖြစ်တယ်။ အောက်ဆီဂျင် လိုအပ်ချက် တနေ့ထက်တနေ့ ပိုများလာတယ်။ ရန်ကုန်မှာ ပရဟိတအဖွဲ့တွေ သွားတန်းစီယူပေးတာ လုပ်တယ်၊ အောက်ဆီဂျင်ကြောင့် သေရတာများတယ်။ စီမံခန့်ခွဲမှုအမှားတွေ များလို့ သေဆုံးရတာ” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ ကိုဗစ်လူနာတွေအတွက် အလှူရှင်တွေက အောက်ဆီဂျင် လှူပေးတာ၊ ရန်ကုန်မှာ သွားရောက်ပြီး အောက်ဆီဂျင်ဖြည့်ပြီး ပြန်ပေးဝေတာတွေ လုပ်ဆောင်ပေးနေကြတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်နိုင်ဖို့ ပြည်သူတွေက အလှူငွေကောက်ခံပြီး လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ ကိုဗစ်တတိယလှိုင်းကာလ ဇူလှိုင် ၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၂၉၂ ဦးရှိပြီလို့ သိရပါတယ်။