close

စဥ့်ကိုင်မြို့နယ် စံပြကျေးရွာတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ စံပြကျေးရွာ မိုးကောင်းလမ်းခွဲက လက်ဖက်ရည်ဆိုင်မှာ အမျိုးသားတစ်ယောက်  ဇူလိုင် ၁၉ ရက် မနက်ပိုင်းက အမည်မသိလူတစ်စုရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။

မုံပင်ရွာ ဒေသခံတစ်ဦးက "သူက မုံပင်ရွာကို တောက်လျှောက် ဒုက္ခပေးတာ။ ဒလန်အကြီးစားပေါ့။ သပိတ်စစ်ကြောင်းတွေထွက်တုန်းကလည်း သပိတ်ခေါင်းဆောင်တွေရဲ့ အချက်အလက်တွေ သတင်းပေးတယ်။ သူမကြည်တဲ့ သူတွေကိုဆိုလည်း လာဖမ်းအောင် သတင်းပေးတယ်။ မုံပင်ရွာကို စစ်တပ်က ခဏခဏဝင်စီးတဲ့ အကြောင်းအရင်းက သူမဟုတ်မမှန်လီဆယ်ပြီး သတင်းပေးနေလို့ပဲ။ ရွာက ဒုက္ခရောက်ပြီး တအားကြောက်နေပြီ'' လို့ ပြောပြပါတယ်။

ဦးကံသာ အသတ်ခံရပြီး မကြာခင်မှာပဲ မုံပင်ရွာကို စစ်ကား အစီး ၂၀ ရောက်လာပြီး ဝင်ရောက်စီးနင်းနေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

စစ်သားတွေက လယ်ထဲယာတွေထဲ အထိပါ လိုက်လံရှာဖွေနေတာကြောင့် ရွာသားတွေ ညဘက်အထိ အိမ်မပြန်ရသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up