ဘင်္ဂလားဒေ့ရှ်တွင် အိဒ်ပွဲတော်ကာလအတွင်း သွားလာခရီးထွက်ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ထောင်ပေါင်းများစွာဟာ အိဒ်အယ်လ်အဒ်ဟာ ပွဲတော်အတွက် မြို့တော်ဒါကာကနေ သူတို့ဇာတိမြို့တွေဆီကို ခရီးထွက်နေကြပါတယ်။
တောင်အာရှနိုင်ငံလည်း ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မြင့်နေချိန်မှာ အသွားအလာပိတ်ဆို့ ကန့်သတ်ချက်ကို ဖယ်ရှားခဲ့တာပါ။
မွတ်စလင်တို့ရဲ့ စွန့်လွှတ်ခြင်းပွဲတော်ကို ကျင်းပဖို့ အိမ်ပြန်ရေး ခရီးထွက်ကြမယ့် ပြည်သူတွေအတွက် အချိန်မီရအောင် အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ခဏရပ်ပေးခဲ့ပါတယ်။
ကူးစက်လွယ်တဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေ မြင့်တက်လာတာကို နှိမ်နင်းဖို့ အာဏာပိုင်တွေဟာ ဇူလိုင် ၁ ရက်က စပြီး နှစ်ပတ်ကြာ တင်းကျပ်တဲ့ ကန့်သတ်ချက်ကို ချမှတ်ခဲ့တာပါ။
အိန္ဒိယနဲ့ နယ်စပ်ဒေသတွေမှာတော့ ကူးစက်မှု ပေါက်ကွဲနေတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္လာနေ့ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေ ၂၃၁ ယောက်ရှိပြီး စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၈၁၂၅ ယောက် ရှိသွားပါပြီ။
စုစုပေါင်း ကူးစက်ခံဦးရေကတော့ ၁,၁၁၇,၃၁၀ ရှိပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။