တရုတ် ဟီနန်ပြည်နယ်တွင် ရေကြီးပြီး လူ ၁၂ ဦးသေ၊ လူသိန်းချီရွှေ့ပြောင်း

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်ရဲ့ မြို့တော် ကျန်းကျိုးမှာ မိုးကြီးလို့ လူ ၁၂ ယောက်ထက် မနည်းသေဆုံးခဲ့ပြီး လူတသိန်းလောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အစိုးရ မီဒီယာ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
မိုးကြီးလို့အဓိက မြစ်ကမ်းပါး ကျိုးပေါက်ကာ မြို့ တဒါဇင်လောက်ထဲကို ရေတွေ စီးဝင်ခဲ့လို့ သန်းချီတဲ့ လူတွေရဲ့ နေ့စဉ် လူနေမှုဘဝတွေ အနှောင့်အယှက် ဖြစ်ခဲ့တာပါ။ မြေအောက်ရထား ဥမင်အတွင်း ရေထဲက လမ်းသွားလမ်းလာတွေရဲ့ ပုံတွေကိုလည်း အစိုးရရုပ်သံ စီစီတီဗီက ထုတ်လွှင့် ပြသပါတယ်။
မြေအောက်ရထားဘူတာရုံမှာ ရေက မျက်နှာကြက်နားအထိ ရောက်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပုံကိုလည်း မြင်ရပါတယ်။
ဟီနန်ပြည်နယ်ဟာ မကြုံစဖူး မိုးရာသီကို ဖြတ်သန်းရင်း သီတင်းပတ်ကုန်ရက်က မုန်တိုင်းတွေ တိုက်ခတ်တာကို ခံခဲ့ရတာပါ၊ မိုးလေဝသ ဟောကိန်းထုတ်သူတွေကတော့ အနှစ် ၁၀၀၀ မှာ အသည်းထန်ဆုံး မိုးရွာတာလို့ ပြောပါတယ်။