ရေဘေးကြောင့် ဖိလစ်ပိုင်မြို့တော်ရှိ ဒေသခံထောင်ချီ ဘေးကင်းရာရွှေ့ပြောင်း

အပူပိုင်းမုန်တိုင်းကြောင့် မုတ်သုန်မိုးသည်းကြီးမည်းကြီးရွာနေလို့ ဖိလစ်ပိုင် မြို့တော် မနီလာနဲ့ အနားက ပြည်နယ်တွေ ရေဘေးသင့်နေပြီး မနီလာမြို့ မြေနိမ့်ပိုင်းမှာ နေကြတဲ့ ထောင်ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက ဇူလိုင် ၂၄ ရက်က စပြီး ဘေးကင်းရာ ရွှေ့ပြောင်းနေကြပါတယ်။
အဆက်မပြတ် ရွာတဲ့မိုးကြောင့် မြစ်ရေလျှံနေလို့ မာရိကီနာမြို့ ဆင်ခြေဖုံးက မူလတန်းကျောင်းကို ယာယီ ခိုလှုံစခန်းအဖြစ် ပြောင်းပြီး ဒေသခံ အယောက် ၂၉၀၀ ကျော် ခိုလှုံ နေရပါတယ်။
မနီလာမြို့တော်တောင်ပိုင်းက ကာဗစ်တေပြည်နယ်မှာတော့ ကမ်းရိုးတန်းစောင့်တပ်က အရာရှိတွေက ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ကူညီနေပြီး သက်ကြီးနိုင်ငံသားတွေကို သူတို့အိမ်တွေကနေ သယ်ထုတ် နေရပါတယ်။
မနီလာမြို့တော် ဆင်ခြေဖုံးက အများစုဖြစ်တဲ့ ပြည်သူ ၁၄၀၀၀ ကျော်ကို သောင်း ခိုလှုံရေး ဌာနတွေ ဆီကို ရွှေ့ပြီးပြီလို့ အမျိုးသားကပ်ဘေးသက်သာရေးဌာနက ပြောပါတယ်။
လတ်တလော သီတင်းပတ်တွေမှာ. တရုတ်၊ အိန္ဒိယနဲ့ ဥရောပ အနောက်ပိုင်းမှာ ရေကြီးနေပြီး မြောက်အမေရိကမှာတော့ အပူလှိုင်းတွေ တိုက်ခတ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်ပုံအပေါ် စိုးရိမ်စိတ် အသစ်တွေ မြင့်တက်နေကြပါတယ်။