လွိုင်းဘွဲ့ဒေသခံများ ရေဘေးနှင့် ကိုဗစ်ကပ်ဘေးကြုံနေရ








3
ကရင်ပြည်နယ်၊ လွိုင်းဘွဲ့မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး လှိုင်းဘွဲ့ချောင်းရေ မြင့်တက်လာတာကြောင့် ဇူလိုင် ၂၆ ဒီကနေ့မနက် အနိမ့်ပိုင်း ရပ်ကွက်တချို့ ရေဝင်နစ်မြုပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်းဘွဲ့မြို့မှာ ကိုဗစ်-၁၉ လူနာတွေအပြင်၊ ရာသီတုပ်ကွေးနဲ့ အိမ်တိုင်းလိုလို ဖျားနာနေကြပြီး အခု ရေဘေးပါ ထပ်မံကြုံတွေ့ရတဲ့အတွက် အခက်အခဲ ကြုံနေကြရပါတယ်။