ဘယ်ရန်သူကိုမဆို ရုရှားရေတပ်က ထောက်လှမ်းတိုက်ခိုက်နိုင်ဟု သမ္မတပူတင်ပြော

ရုရှားရေတပ်ဟာ ဘယ်လို ရန်သူကိုမဆို ထောက်လှမ်းနိုင်ပြီး တကယ်လို့ လိုအပ်ရင် မတားဆီးနိုင်တဲ့ တိုက်ခိုက်မှု တရပ်ကို ဆင်နွှဲနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။
ဗြိတိန်စစ်သင်္ဘောတစ်စီးက ခရိုင်းမီးယား ကျွန်းဆွယ်ကို ဖြတ်သန်းပြီး ရုရှားအစိုးရကို ဒေါသထွက်အောင် လုပ်ခဲ့အပြီး သီတင်းပတ်တွေချီပြီး အကြာမှာ ခုလို ပြောလိုက်တာပါ။
“ကျနော်တို့ဟာ ဘယ်လို ရေအောက်၊ ရေပေါ်၊ လေထဲက ရန်သူကိုမဆို ထောက်လှမ်းနိုင်တယ်။ တကယ်လို့ လိုအပ်ရင် မတားဆီးနိုင်တဲ့ တိုက်ခိုက်မှုမျိုး ဆောင်ရွက် နိုင်တယ်” ပူတင်က စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ ရေတပ်နေ့ စစ်ရေးပြပွဲမှာ ပြောခဲ့ပါတယ်။