တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ များလာ၊ မြို့အတော်များများ လော့ဒေါင်းချ

တရုတ်နိုင်ငံမှာ သြဂုတ် ၂ ရက်က ကိုဗစ်-၁၉ အတည်ပြု လူနာအသစ် အယောက် ၉၀ ကို ထပ်မံတွေ့ရှိခဲ့ပြီး မြို့အတော်များများမှာ အကြီးအကျယ် ဆေးစစ်တာတွေ၊ ရပ်ကွက်အလိုက် အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းက မြို့အတော်များများနဲ့ မြောက်ပိုင်းက မြို့တော်ပေကျင်း အပါအဝင် မြို့တချို့မှာ ကူးစက်ခံရသူတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကူးစက်ခံအားလုံး ဒယ်လ်တာဗီဇမျိုးကွဲ ကူးစက်ခံရတာ ဟုတ်၊ မဟုတ်နဲ့ နန်ကျင်းမြို့ကို ရောက်လာတဲ့ ရုရှားပြန် ရောဂါသည်ဆီကနေ ထပ်ဆင့်ကူးစက်တာ ဟုတ်၊ မဟုတ် မသိရသေးပါဘူး။
ဒယ်လ်တာဗီဇမျိုးကွဲဟာ ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်း မြို့တွေဆီကိုပါ ကူးစက်လာနေလို့ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံးနိုင်ငံ တရုတ်အတွက် ဘေးအသစ်တရပ် ဖြစ်လာနေပါတယ်။
ကူးစက်ခံတွေကို ဖော်ထုတ်ပြီး သီးခြားခွဲထုတ်ထားနိုင်ရေးအတွက် အာဏာပိုင်တွေက မြို့ အတော်များများမှာ အကြီးအကျယ် စမ်းသပ်စစ်ဆေးနေပါတယ်။