ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၅၀၀ ထိုးပြီးဟု အိန္ဒိယ ကြေညာ

အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၅၀၀ ကို ထိုးပေးခဲ့ပြီးဖြစ်ကြောင်း ၀န်ကြီးချုပ် နာရန်ဒြာမိုဒီက သြဂုတ် ၇ ရက်မှာ ကြေညာလိုက်ပြီး ဒါဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုအဖြစ်လည်း ချီးကျူးပြောဆိုလိုက်ပါတယ်။
ဒီကာကွယ်ဆေးတွေက ထိရောက်မှုရှိသလို အန္တရာယ်လည်း ကင်းပြီး အိန္ဒိယဟာ သီတင်းတပတ် တပတ်ကို ကမ္ဘာ့နိုင်ငံများစွာရဲ့ လူဦးရေထက်ပိုပြီး ဆေးထိုးပေးနေတယ်လို့ သန်း ၅၀၀ အရေအတွက် ပြည့်သွားပြီး နောက်တရက်မှာ မိုဒီက ပြောသွားတာပါ။
အိန္ဒိယနိုင်ငံဟာ ဇွန် ၂၁ ရက်က စတင်ပြီး အရွယ်ရောက်သူအားလုံးအတွက် ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့ပြီး တစ်ရက်ကို ဆေးပေါင်း ၈ သန်း စံချိန်တင်ထိုးပေးနိုင်ခဲ့ပါတယ်။
အဲဒီကတည်းက နေ့စဉ်ဆေးထိုးဖို့ တိုက်တွန်း နှိုးဆော်နေရတာတွေက အရေအတွက် ကျဆင်းသွားပါတယ်။
အိန္ဒိယနိုင်ငံဟာ အရေးပေါ်သုံးစွဲဖို့ Johnson & Johnson ကုမ္ပဏီရဲ့ ဆေးတစ်လုံးတည်းသာ ထိုးရတဲ့ COVID-19 ကာကွယ်ဆေးကို အတည်ပြုခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီး Mansukh Mandaviya က စနေနေ့က သူ့ရဲ့တွစ်တာမှာ ရေးသားထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို အပြင်းအထန် ခံစားနေရပြီး ကူးစက်ရောဂါ စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ ၃၁,၈၉၇,၄၁၃ ရှိပြီး သေဆုံးမှု ၄၂၇,၄၈၈ ရှိပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ရောဂါဖြစ်ပွားသူအသစ် ၃၈,၇၀၀ နဲ့ သေဆုံးသူ ၆၁၆ ဦး ရှိပါတယ်။