close

လမ်းဘေးစွန့်ပစ် MASKများကို Clean Yesagyo အဖွဲ့က လိုက်လံကောက်ယူ ဖျက်ဆီးပေး

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုနှုန်း ပိုမိုများပြားလာတဲ့အတွက် ရေ ရေစကြိုမြို့ပေါ်ရှိ လမ်းဘေးစွန့်ပစ် MASK တွေကို  Clean Yesagyo အဖွဲ့က လိုက်လံကောက်ယူ ဖျက်ဆီးပေးနေပါတယ်။ 

ရောဂါ ကူးစက်မှုအန္တရာယ်ကို တတ်နိုင်သလောက် ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး  ဖျက်ဆီးတဲ့နေရာမှာလည်း လူသူဝေးတဲ့နေရာရောက်မှ စွန့်ပစ် Mask  တွေကို စနစ်တကျ  မီးရှို့ဖျက်ဆီးပစ်ကြတာပါ။

Clean Yesagyo အဖွဲ့ဟာ အိမ်ထဲမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုဗစ်လူနာတွေအတွက် အိမ်အရောက် ဆေးဝါးနဲ့ အစားအစာများကို ပိုဆောင်ပေးတဲ့အပြင် Mask နဲ့ လက်သန့်ဆေး လိုအပ်တဲ့ ရွာဘက်တွေမှာလည်း လိုရင်ယူ ပိုရင်လှူဆိုပြီး လုပ်ဆောင်ပေးနေပါတယ်။

Photo- Clean Yesagyo

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up