close

တိုကျိုအိုလံပစ်ပြိုင်ပွဲပြီးဆုံး ၊ အမေရိကန်အသင်း ဆုတံဆိပ်အများဆုံးရရှိ

ဩဂုတ် ၈ ရက် ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့  တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ  အမေရိကန်အသင်းက ရွှေတံဆိပ် ၃၉ ခု၊ ငွေတံဆိပ် ၄၁  ခု၊ ကြေးတံဆိပ် ၃၃ ခုရရှိပြီး  စုစုပေါင်း ဆုတံဆိပ် ၁၁၃  ခုနဲ့  နိုင်ငံအလိုက်ထိပ်ဆုံးမှာ ဗိုလ်စွဲသွားပါတယ်။  

တရုတ်နိုင်ငံက  ရွှေတံဆိပ်ဆု ၃၈  ခု၊ ငွေတံဆိပ် ၃၂ ခု၊ ကြေးတံဆိပ် ၁၈  ခု စုစုပေါင်း ဆုတံဆိပ် ပေါင်း ၈၈  ခုနဲ့ နိုင်ငံအလိုက် ဒုတိယနေရာ ရရှိပါတယ်။

အိမ်ရှင်ဂျပန်ကတော့ ရွှေတံဆိပ် ၂၇ ခု၊ ငွေ ၁၄ ခု ၊ ကြေး ၁၇ ခု ဆုတံဆိပ် စုစုပေါင်း ၅၈ ခုနဲ့ နိုင်ငံအလိုက် တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဗြိတိန်က  ရွှေတံဆိပ်ဆု ၂၂  ခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၂၂  ခု စုစုပေါင်း ဆုတံဆိပ် ပေါင်း  ၆၅ ခုနဲ့  စတုတ္ထနေရာရရှိသွားပါတယ်။

နိုင်ငံအလံသုံးခွင့်မရှိဘဲ အိုလံပစ်အလံတော်အောက်မှာ ROC အမည်နဲ့ ဝင်ပြိုင်ရတဲ့ ရုရှားအိုလံပစ်အသင်းကတော့  ရွှေတံဆိပ်ဆု ၂၀  ခု၊ ငွေတံဆိပ် ၂၈ ခု၊ ကြေးတံဆိပ် ၂၃  ခု စုစုပေါင်း ဆုတံဆိပ်ပေါင်း  ၇၁ ခုနဲ့  ပဉ္စမနေရာရရှိသွားပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရွှေ ၁ ခု၊ ငွေ ၂ ခု ၊ ကြေး ၁ ခု စုစုပေါင်း ဆုတံဆိပ် ၄ခုနဲ့ နိုင်ငံအလိုက် အဆင့် ၅၀ မှာရပ်တည်နေပြီး၊  အင်ဒိုနီးရှားက ရွှေ ၁ ခု၊ ငွေ ၁ ခု ၊ ကြေး ၃ ခု စုစုပေါင်း ဆုတံဆိပ် ၅ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၅၅ မှာရပ်တည်နေပါတယ်။  ထိုင်းက ရွှေ ၁ ခု၊ ကြေး ၁ ခု နဲ့ နိုင်ငံအလိုက် အဆင့် ၅၉  ၊ မလေးရှားကတော့ ငွေ ၁ ခု၊ ကြေးတံဆိပ် ၁ ခုရပြီး နိုင်ငံအလိုက် အဆင့် ၇၄ မှာ ရှိနေပါတယ်။

မြန်မာကတော့ အားကစားသမား ၂ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာကြက်တောင် ရိုက် အားကစားမယ် သက်ထားသူဇာက အုပ်စုအဆင့်ကထွက်ခဲ့ရပြီး အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့  ရဲထွန်းနောင်ကလည်း အဆင့် ၁၄ သာရရှိခဲ့ပါတယ်။ 

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ် ၈ ရက်အထိ ကျင်းပခဲ့ရာမှာ နိုင်ငံပေါင်း ၂၀၀ လောက်က အားကစားသမားပေါင်း ၁၁,၀၀၀ ကျော်ဟာ အားကစားနည်း ၃၃ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up