close

မန္တလေးမြို့တွင် အောက်ဆီဂျင်အရေးပေါ်လိုအပ်သူလူနာများအတွက် အကူအညီတောင်းခံနိုင်

မန္တလေးမြို့မှာ အောက်ဆီဂျင် အရေးပေါ် လိုအပ်သူ လူနာတွေအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးရုံးနဲ့ ONE TO ONE တို့ ပူးပေါင်းကာ အောက်ဆီဂျင်စက်တွေ ကူညီပေးနေတယ်လို့ သိရပါတယ်။

လက်တလော စေတနာရှင်တွေ လှုဒါန်းပေးထားတဲ့ အောက်ဆီဂျင်စက် ၂၁ လုံးနဲ့ ကူညီပေးနေတာဖြစ်ပြီး သြဂုတ် ၁၂ရက်အထိ အောက်စီဂျင် အရေးပေါ် လိုအပ်သူ လူနာ ၄၀ ကို ကူညီပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးရုံးက သိရပါတယ်။ 

မန္တလေးမြို့မှာ အမှန်တကယ် အောက်ဆီဂျင်စက် အရေးပေါ်လိုအပ်သူ လူနာတွေအနေနဲ့ လူနာအမည်၊ လူနာအသက်၊ SPO2 ရာခိုင်နှုန်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အကူညီတောင်းခံသူ အမည်တို့နဲ့အတူ ကိုကျော်ဇင်သက် 09765620594၊ ကိုအောင်ဘုန်းရှိန်  09402037445၊ ကိုနေထူးဝေ - 09444037979 တို့ဆီ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးရုံး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up