close

ရေးမြို့တွင် တရားမဝင်ငါးခိုးဖမ်းမှုများကြောင့် တရားဝင်ငါးဖမ်းလှေများ အခက်ကြုံနေ

မွန်ပြည်နယ် ရေးမြို့နယ်က ပင်လယ်ငါးဖမ်းရာသီ ပြန်စချိန်မှာ ကိုဗစ်ကြောင့် ငါးဖမ်းကိရိယာပစ္စည်း ဈေးတက်တာနဲ့ တရားမဝင် ငါးဖမ်းခိုးဖမ်းတာတွေကြောင့် တရားဝင်ငါးဖမ်းလှေတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

တရားဝင် ငါးဖမ်းလှေပိုင်ရှင် တဦးက “အခု ငါးဖမ်းရာသီ အစမှာ လိုင်စင်ရှိတဲ့ ငါးဖမ်းလှေတွေက အခွန်အခ ပေးဆောင်ရတယ်၊ ငါးကိုကောင်းကောင်း မဖမ်းရဘူး။ ရေလုပ်သား ရှားပါးတာရယ်၊ ငါးဖမ်းကိရိယာပစ္စည်းမှာလည်း ပုံမှန်ထက် ဈေးပါကြီးပြန်၊ စက်သုံးဆီဈေးလည်း မြင့်တာရယ်ကြောင့် လိုင်စင်ရှိတဲ့ ငါးဖမ်းလှေငယ် ရေလုပ်ငန်းရှင်တွေက ထိခိုက်နစ်နာတယ်” လို့  ပြောပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာ လိုင်စင်ရှိတဲ့ ငါးဖမ်းလှေတွေအထွက်နည်းပြီး တရားမဝင်လိုင်စင်မဲ့ ငါးဖမ်းလှေတွေ ပိုများလာတာကြောင့် ရင်းနှီးမြှုပ်နှံထားရတဲ့ ကုန်ကျစရိတ် တွက်ခြေမကိုက်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပင်လယ်ရေထွက်ငါးကုန်ကြမ်းတွေ ရရှိခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် လမ်းတွေပိတ်ထားသလို ငါးအဝယ်ဒိုင်တွေလည်း အ၀ယ်ရပ်နားထားတာကြောင့် ကျပ်သိန်း ရာနဲ့ချီ ဆုံးရှုံးမယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုလို အကျပ်အတည်းကာလ ရေလုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်တွေမှာ ငွေတွေ ထုတ်ယူရာမှာလည်း အခက်ခဲရှိသလို ဖမ်းမိထားတဲ့ ငါးတွေ ဈေးမရပါက ငွေကြေးလယ်ပတ်ဖို့ အခက်အခဲရှိကြောင့် လုပ်ငန်းတွေ ရပ်နာထားရမယ့် အခြေနေရှိတယ်လို့ ငါးဖမ်းလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ငါးဖမ်းရာသီမှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ ၆၀၀ နီးပါးလောက်ရှိပြီး ရေလုပ်သားပေါင်း ၄၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုနှစ်ငါးဖမ်းရာသီမှာတော့ တရားဝင်တင်ပြတဲ့ စက်လှေက နည်းပြီး ခိုးဖမ်းတဲ့လှေ များတာကြောင့် စာရင်းအတိအကျ မရနိုင်ဘူး ဖြစ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up