close

ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ လွယ်ဟွဲကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကြား ဩဂုတ် ၁၄ ရက်မနက်ပိုင်းက စပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) နဲ့ ပူးပေါင်းပြီး ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ပေါင်းလောင်း၊ တောင်မဲသင်း၊ ခေါင်းအိဘက်ကနေ စစ်ကြောင်း ၃ ကြောင်း ထိုးလာတာကြောင့် PDF (ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို) တပ်ဖွဲ့တွေနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) အဖွဲ့တွေက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပြီး တိုက်ပွဲကြောင့် လွယ်ဟွဲကျေးရွာက ဒေသခံ ပြည်သူလူထုတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

အဲဒီလို စစ်ဘေးတိမ်းရှောင်လာတဲ့ လွယ်ဟွဲကျေးရွာက ပြည်သူလူထုတွေကို Free Burma Ranger (Karenni) အဖွဲ့က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up