close

တာမခန်မြို့သစ် ကိုယ့်အားကိုယ်ကိုးဆေးရုံတွင် ကိုဗစ်လူနာ ၁၉၀၀ ကျော် ကုသပေးနိုင်ခဲ့

ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ ကိုဗစ်ကုသရေးကို ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ လည်ပတ်နေပြီး ဆေးရုံမှာလည်း တစ်လအတွင်း လူနာပေါင်း ၁၉၀၀ လောက် ကုသပေးခဲ့နိုင်တယ် လို့ ပါဝင်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

“၂၄ ရက်အတွင်း ပြင်ပလူနာတွေကို အခမဲ့ကုသပေးတာ ၁၈၆၃ ယောက်၊ ဆေးရုံတက် အတွင်းလူနာ ၇၃ ယောက် ရှိပါတယ်။ သေဆုံးသူက ၁၈ ယောက်ရှိတယ်။ ဆေးရုံမဖွင့်နိုင်ခင်ကဆို တော်တော် သေခဲ့တာ” လို့ သူက ပြောပါတယ်။ 

ဆေးပုံမှာ ဆရာဝန်နဲ့ သူနာပြုတွေ မရှိတော့လို့ ဆရာဝန် ၂ ယောက်နဲ့ သူနာပြု ၁၀ ယောက်ကို ဒေသခံတွေရဲ့ အစီအစဉ်နဲ့ပဲ ခန့်ထားပြီး ဆေးရုံနဲ့ ကိုဗစ်စင်တာတွေကို လည်ပတ်နေတာပါ။

ပါဝင်လုပ်ကိုင်နေသူ တစ်ဦးက “ပြည်သူတွေရဲ့ မတည်ငွေနဲ့ လုပ်တာပါ။ ၂၄ ရက်အတွင်း သိန်း ၆၀၀ ကျော် ကုန်တယ်။ Test Kit ဖိုးတင် တော်တော်ကုန်သွားတယ်။ သိန်း ၂၀၀ ကျော်လောက် ကုန်တယ်။ တရွာလုံးကို ထိုးစစ်တော့ ပေါ့စတစ်ဆိုရင် စင်တာကို ပို့တာပေါ့။ စာသင်ကျောင်းမှာ ထားတာ။ ပေါ့စတစ်စင်တာကနေ အရေးပေါ်ဆိုရင်တော့ ဆေးရုံကို ပို့တယ်” လို့ ပြောပါတယ်။

တရွာလုံးကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ လူနာ ၂၀၀ လောက် တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဒီမတိုင်ခင်ကတော့ တာမခန်မြို့သစ်မှာ ဆရာဝန်တွေကိုယ်တိုင် ကိုဗစ်ကူးစက် သေဆုံးတာတွေ ရှိခဲ့လို့ လူနာတွေကို မကုသနိုင်ဘူး ဖြစ်နေခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up