close

Mister Altitude World 2021 ပြိုင်ပွဲတွင် မြန်မာအလှမောင် ခွန်းည စတုတ္ထဆုရရှိ

Mister Altitude World 2021 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် မောင်မြန်မာ ခွန်းညက 3rd   Runner Up (Human Right Ambassador)ဆု ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲကိုတော့ Virtual Competition အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး Winner ဆုကို ပြင်သစ်နိုင်ငံကိုယ်စားပြပြိုင်ပွဲဝင် Nathan Battaglia ၊ 1st Runner Up ဆုကို တဟီတီ ကိုယ်စားပြု ပြိုင်ပွဲဝင်Teddy Teng နဲ့ 2nd Runner up ဆုကို အိန္ဒိယ ကိုယ်စားပြု ပြိုင်ပွဲ ဝင် Akash Rana တို့က ရရှိသွားခဲ့ကြတာပါ။

မြန်မာကိုယ်စားပြု ခွန်းညကတော့ 3rd   Runner Up ဆုအပြင် People's Choice Award နဲ့ Best Portrait Award  တွေကိုပါ ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up