ပေါ့ဘာနှင့်အတူ ဆုဖလားများ ထပ်ယူလိုဟု ယူနိုက်တက်နောက်ခံလူ ဗာရန်းပြော

ပြင်သစ်လက်ရွေးစင်အသင်းဖော် ပေါ့ဘာနဲ့အတူ ဆုဖလားတွေ ထပ်ယူချင်သေးတယ်လို့ နောက်ခံလူသစ် ဗာရန်းက ပြောပါတယ်။
ဗာရန်းဟာ မန်ချက်စတာမှာ ကိုဗစ်စည်းမျဉ်းတွေနဲ့အတူ သီးသန့်နေထိုင်ခဲ့ရပြီးနောက် မနေ့က အသင်းနဲ့အတူ စတင်ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။
အသင်းဖော် ပေါ့ဘာနဲ့ ကလပ်အသင်းမှာ ပြန်လည်တွဲဖက်ကစားရမယ့်အပေါ်မှာ စိတ်လှုပ်ရှားမိကြောင်း၊ ပေါ့ဘာဟာ ခမ်းနားတဲ့ ခြေစွမ်းပိုင်ဆိုင်ပြီး ဆုဖလားတွေရဖို့ ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း၊ ဆုဖလားတွေ အတူတကွ ရယူသွားချင်ကြောင်း ဗာရန်းက ပြောပါတယ်။
ဗာရန်းနဲ့ ပေါ့ဘာတို့ဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီး နိုင်ငံတကာပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး အနာဂတ်နဲ့ ပက်သက်ပြီး မတည်မငြိမ်ဖြစ်နေချိန်မှာ ဗာရန်းကတော့ ရေရှည်အထိ အတူကစားဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။