မန်ယူ၊ ချဲလ်ဆီး၊ လီဗာပူးတို့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်နိုင်

ဩဂုတ် ၁၄ ရက် မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေမှာ မန်ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတွေ အသီးသီးဂိုးပြတ်အနိုင်ရသွားပါတယ်။
မန်ယူနိုက်တက်နဲ့ လိဒ်တို့ ပွဲမှာတော့ မန်ယူက ဖာနန်ဒတ်ဇ်ရဲ့ ဟတ်ထရစ် ၃ ဂိုးနဲ့ အတူ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအတွက် အနိုင်ဂိုးတွေကိုတော့ ဖာနန်ဒတ်ဇ်က ပွဲချိန် မိနစ် ၃၀ ၊ ၅၄ မိနစ်၊ မိနစ် ၆၀ မှာ သွင်းပေးခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်က ပွဲချိန် ၅၂ မိနစ်မှာ တစ်ဂိုး ၊ ဖရက်က ၆၈ မိနစ်မှာ တစ်ဂိုး သွင်းပေးခဲ့တာပါ။
လိဒ်ယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုးကို တော့ အိုင်လင်းက ၄၉ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာလည်း ခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီး မန်ယူရတဲ့ ၅ ဂိုးမှာ ၄ ဂိုးက ပေါ့ဘာ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးကလည်း ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်အနိုင်ရသလို လီဗာပူးကလည်း နော့ဝစ်ချ်စီးတီးကို ၃ ဂိုးပြတ်အနိုင်ရပါတယ်။ တခြားပွဲစဉ်တွေမှာတော့ အဲဗာတန်က ဆောက်သမ်ပတန်ကို ၃ ဂိုး ၁ ဂိုး၊ ဘရိုက်တန်က ဘန်လေကို ၂ ဂိုး ၁ ဂိုး၊ လက်စတာကာ ဝုဒ်ကို ၁ ဂိုး ဂိုးမရှိ၊ ဝက်ဒ်ဖို့က အက်စတွန်ဗီလာကို ၃ ဂိုး ၂ ဂိုး နဲ့အသီးသီးအနိုင်ရပါတယ်။
ဒီကနေ့ တော့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မန်စီးတီး၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းအသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။