close

ကဘူးလ်လေဆိပ်မှ လူ ၃၀၀၀ ခန့်ကို ကယ်တင်ခဲ့ဟု အမေရိကန်သမ္မတအိမ်ဖြူတော် ပြော

အမေရိကန်ပြည်ထောင်စုဟာ သြဂုတ်  ၁၉ ရက်မှာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် လေဆိပ်ကနေ လူ ၃၀၀၀  လောက်ကို ဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းကယ်ထုတ်ပေးခဲ့တယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ကယ်ထုတ်ခံရသူ ၃၅၀ နီးပါးလောက်ဟာ အမေရိကန်နိုင်ငံသားတွေဖြစ်တယ်လို့လည်း သြဂုတ် ၂၀ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

 သြဂုတ် ၁၄ ရက်ကတည်းက စစ်တပ်ဟာ လူ ၉၀၀၀  လောက်ကို ကယ်ဆယ်ခဲ့တာဖြစ်ပြီး နောက်ထပ် ခေါ်ထုတ်ကယ်ဆယ်ပေးခဲ့သူတွေမှာ အမေရိကန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေ၊ အထူးရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာ လျှောက်ထားသူတွေနဲ့သူတို့ရဲ့မိသားစုတွေ၊ ထိခိုက်လွယ်တဲ့ အာဖဂန်လူမျိုးတွေ  ပါတယ် လို့ တာဝန်ရှိသူက ပြောပါတယ်။ 

အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနဟာ ဒီအပတ်အစောပိုင်းထဲက အာဖဂန်နစ္စတန် အတွက် အမေရိကန်ကယ်ထုတ်ရေး ကြိုးပမ်းဆောင်ရွက်မှုတချို့ရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတချို့ကို ထုတ်ပြန်ခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ မြို့တော်ကို တာလီဘန်တွေ သိမ်းပိုက်ပြီးကတည်းက ကဘူးလ်မြို့ကနေ ထွက်ပြေးကြသူ လူပေါင်း ၁၈၀၀၀  ကျော် ရှိတယ်လို့ နေတိုးအရာရှိ တစ်ယောက်က သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။

 ဒီအကြပ်အတည်းအပေါ် အနောက်နိုင်ငံတွေရဲ့ ကိုင်တွယ်ပုံအပေါ် ဝေဖန်မှုတွေ မြင့်တက်လာတာကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းရေးကြိုးပမ်းမှုတွေကို နှစ်ဆတိုး လုပ်ဆောင်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ 

တာလီဘန်တွေဟာ လေဆိပ်မှာ မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှု သတင်းတွေကြားမှာပဲ လူတွေကို အာဖဂန်နစ္စတန်ကနေ မထွက်ခွာအောင် စည်းရုံးဖို့ အီမန် ဘာသာရေးဆရာတွေကို တောင်းဆိုလိုက်ပြီး စည်းလုံးညီညွတ်မှု ရှိဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up