close

သိမ်ဇရပ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ကညင်အိုင်ကျေးရွာမှာ ဩဂုတ် ၂၁ ရက် မနက်ပိုင်းက  အမျိုသား ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားပါတယ်။ 

အသက် ၆၀ နှစ်အရွယ် ဦးအေးဝင်းဟာ စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများသူဖြစ်ပြီး  ကညင်အိုင်ကျေးရွာရှိ သူ့ရဲ့နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်မှာ ဈေးရောင်းနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုက်ကယ်နဲ့ လာရောက်ပြီး ပစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူ ဦးအေးဝင်းဟာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး အခင်းဖြစ်‌နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အနီးအနားမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုဖြစ်စဉ်အပါအဝင် သိမ်ဇရပ်မြို့‌မှာ‌ ၄ ရက်အတွင်း စစ်ကောင်စီ သတင်းပေး ဒလန် ၂ ဦး ပစ်သတ်ခံရတာပါ။ ဩဂုတ် ၁၇ ရက်ကလည်း  စစ်ကောင်စီသတင်းပေးလို့ လူသိများတဲ့ ဦးသိန်းဝင်း သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up