ဂျာမန်အဓိပတိနှင့် ရုရှားသမ္မတတို့ အာဖဂန်အရေးဆွေးနွေး

ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်ဟာ ရုရှားမြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်မှာ သြဂုတ် ၂၀ ရက်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အာဖဂန်အရေး၊ လစ်ဗျားအရေးနဲ့ ရုရှားမှ ဂျာမနီကို သွယ်တန်းထားတဲ့ နော့ဒ်စထရင်းမ်တူး ပိုက်လိုင်းကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မာကယ်က ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မာကယ်ဟာ ဂျာမန်အဓိပတိ တာဝန်ကို ၁၆ နှစ်ကြာ ထမ်းဆောင်ခဲ့ပြီး လာမယ့် စက်တင်ဘာ ၂၆ ရွေးကောက်ပွဲ ပြီးရင် အနားယူတော့မှာပါ။
ပူတင်ကတော့ ဆယ်စုနှစ် ၂ ခုကျော် အာဏာရှိနေခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲမှာ ထပ်ပြီး ပြိုင်ဦးမလားဆိုတာ မပြောထားသေးပါဘူး။