close

သပိတ်ကျင်းမြို့နယ်၌ မြစ်ရေကြီးလာသဖြင့် အိမ်ထောင်စု ၅၀ ကျော် ယာယီပြောင်းရွှေ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာမှာ သြဂုတ် ၂၃ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်လာလို့ အိမ်ထောင်စု ၅၁ စု ယာယီပြောင်းရွှေခဲ့ရတယ်လို့ မန္တလေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ 

ဩဂုတ် ၂၄  ရက်က ယာယီပြောင်းရွှေ့နေထိုင်ရတဲ့ အိမ်ထောင်စု ၅၂ စု လူဦးရေ ၂၂၆ ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၅ သိန်းခွဲကျော်ကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။ 

တွင်းငယ်ကျေးရွာရှိ အနိမ့်ပိုင်းနေရာတွေကို  ရေစတင်ဝင်ရောက်နေတာဖြစ်ပြီး အရင်ကလည်း ဧရာဝတီမြစ်ရေမြင့်တက်လာပါက  အဲဒီရွာထဲကို ရေဝင်ရောက်လေ့ရှိပါတယ်။ 

သပိတ်ကျင်းမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၃၇၄ စင်တာမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ရောက်ရှိဖို့ ၁၀၆ စင်တာမီတာ အလိုမှာ ရောက်ရှိနေတာပါ။

သပိတ်ကျင်းမြို့ရဲ့ အနိမ့်ပိုင်းကျေးရွာတွေမှာ နယ်မြေခံ မီးသတ်တပ်ဖွဲ့က မြစ်ရေမြင့်တက် လာနိုင်ကြောင်း လိုက်လံအသိပေးတာတွေ လုပ်ဆောင်ပေးနေပြီး ယာယီရွှေ့ပြောင်းဖို့ လိုအပ်သည့်နေရာတွေမှာ  ပြောင်းရွှေရေး ကူညီပေးနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up