close

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးက အိမ်ထောင်စု ၁၅၀၀ ကျော်ကို ဆန်အိတ်များ ဖြန့်ဝေ

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေး နေထိုင်ကြတဲ့ လက်လုပ်လက်စား မိသားစုတွေကို ဆန်အိတ်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက သိရပါတယ်။ 

မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းပြီး အိမ်ထောင်စုတစ်စုကို ဆန် ၂၅ ပြည်နှုန်းနဲ့ အိမ်ထောင် စုပေါင်း ၁၅၃၆စု (လူဦးရေ ၅၉၅၀ ဦး) တို့ကို ဖြန့်ဝေပေးခဲ့တာပါ။

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေး ဆန်အိတ်ဖြန့်ဝေတာကို သြဂုတ် ၂၄ရက် နဲ့ ၂၅ရက် နှစ်ရက်တာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်နေ ပြည်သူတွေကို ဆန်ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

Photo - မြန်မာနိုင်ငံကြက်ခြေနီအသင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up