တောင်တရုတ်ပင်လယ်အရေး တရုတ်ကို ဖိအားတိုးပေးရန်လိုဟု အမေရိကန် ဒုသမ္မတ ပြော

အငြင်းပွား တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အနိုင်ကျင့်တာကို စိန်ခေါ်ဖို့နဲ့ တရုတ်အစိုးရအပေါ် ဖိအားတိုးပေးဖို့ လိုတယ်လို့ အမေရိကန်ဒုသမ္မတ ကမယ်လာဟဲရစ်က ဟနွိုင်းကို ရောက်ရောက်ချင်း သြဂုတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်ဟာ ဒေသတွင်း ပင်လယ်ပိုင်နက်အတွက် ကျောထောက်နောက်ခံရဖို့ ခြိမ်းခြောက် အကျပ်ကိုင်တဲ့နည်းကို သုံးနေတယ်လို့ ဟဲရစ်က စင်ကာပူ ခရီးစဉ်အတွင်း ပြောခဲ့တာပါ။
အဲဒီလို ပြောအပြီးမှာ တရုတ်နဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေကြား သပ်လျှိုဖို့ ဟဲရစ်က ကြိုးစားနေတယ်လို့ တရုတ်အစိုးရ မီဒီယာက စွပ်စွဲပါတယ်။
ဟနွိုင်းမြို့ထဲမှာ တယောက်ယောက်ဟာ ခေါင်းမူးတာ၊ ပျို့တာ၊ ခေါင်းတခြမ်းကိုက်တာနဲ့ မှတ်ဉာဏ်ချို့ယွင်းတာ စတဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံစာတွေကြောင့် ခရီးစဉ် ၃ နာရီကြာ နှောင့်နှေးအပြီး သြဂုတ် ၂၄ ရက်မှာ ဟဲရစ်က ဟနွိုင်းကို ရောက်လာတာပါ။
ဟဲရစ်ကို ဟနွိုင်းကို မပို့ခင် ဘေးကင်းရေး ဆောင်ရွက်ချက်တွေ အပြီးလုပ်ခဲ့တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီက ပြောပါတယ်။