close

မင်းဘူးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ခရိုင်ရဲမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းဘူးမြို့မှာ သြဂုတ် ၂၇ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး မင်းဘူးခရိုင်ရဲမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ရဲစခန်းနဲ့နီးစပ်သူတဦးက “အမှတ် ၄ မမင်းဘူးရပ်ကွက်မှာ ည ၇ ခွဲလောက်က အပြန်အလှန် ပစ်ခတ်သံတွေလည်းကြားရတယ်။ မမင်းဘူးရပ်ကွက်ရဲ့ အနောက်ဘက် မကျီးချောင်းရွာနားက ခရိုင်ရဲမှူးရုံးလည်း ဗုံးနှစ်လုံးနဲ့တိုက်ခိုက်တာ တစ်လုံးပေါက်ကွဲပြီး တလုံးကမပေါက်လို့ ရှာနေကြတယ်။ ပျက်စီးမှုတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အခုဗုံးခွဲတိုက်ခိုက်မှုကို မင်းဘူး-စကုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (M.S PDF) က ပဏာမသတိပေး ခြိမ်းခြောက်မှုတခုအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူလူထုကို မတရားအနိုင်ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်နေပါက တိုးမြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အပြန်အလှန်ပစ်ခတ်မှုနဲ့ ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up