close

ပီရူးအစိုးရသစ်ကို ပြည်သူများ ဆန့်ကျင် ဆန္ဒပြ

ပီရူးသမ္မတ ပက်ဒရိုကတ်စတီးရိုက အမည်စာရင်းတင်သွင်းလာတဲ့ လက်ဝဲအစိုးရအဖွဲ့သစ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် တင်းမာမှုတွေ မြင့်တက်ပြီး သြဂုတ် ၂၇ ရက် မှာ လီမာမြို့တော်ရဲ့လမ်းတွေပေါ်မှာ လူတွေစုဝေးခဲ့ကြပါတယ်။ 

အစိုးရအဖွဲ့သစ် အတည်ပြုခြင်းမှာ လွှတ်တော်အမတ် ၇၃ ဦး က ထောက်ခံမဲပေးပြီး ကန့်ကွက်မဲပေးခဲ့သူ ၅၀ ရှိပါတယ်။ 

သမ္မတ ကတ်စတီးရိုရဲ့  မာ့စ်ခ်-လီနင်ဝါဒ ပီရူးလစ်ဘရဲပါတီဟာ လွှတ်တော်အမတ်နေရာ အနည်းစုသာရရှိထားပြီး ဒီအကြမ်းဖက်အစိုးရအဖွဲ့ကို လက်မခံဘူးလို့ ကွန်ဂရက်ပြင်ပ ဆန္ဒပြနေသူတွေထဲက အတိုက်အခံဖက် ထောက်ခံသူ မိုနီကာဆန်းချက်ဇ်က ပြောပါတယ်။

သမ္မတ ကတ်စတီရိုဘက်က ထောက်ခံသူတွေကတော့ အစိုးရအဖွဲ့သစ်ဟာ မြို့တော်လီမာက မိုးကျရွှေကိုယ် မဟုတ်တဲ့ အစဉ်အဆက် အပယ်ခံဖြစ်ခဲ့ရတဲ့ ပီရူးပြည်သူတွေကို ကိုယ်စားပြုတာ လို့ တုံ့ပြန်ပြောဆိုပါတယ်။ 

အဆိုပြုထားတဲ့အစိုးရအဖွဲ့ကို လူထုဆန့်ကျင်မှုပြုလုပ်ခြင်းဟာ မဲပေးရမယ့်နေ့ရက်တွေ အတွင်း အတော်လေးပြင်းထန်ပြီးတော့ ကတ်စတီးရိုကိုလည်း သောကြာနေ့မတိုင်ခင် ပိုပြီး သမာသမတ်ကျမယ့် ရွေးချယ်ကောက်ယူမှုနဲ့ လက်ဝဲစွန်း နိုင်ငံခြားရေးဝန်ကြီး နေရာကို အစားထိုးပေးခိုင်းပါတယ်။ 

၏စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းမှုများစွာ အပါအဝင် အစိုးရရဲ့အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေအကြားက ရန်လိုမုန်းတီးမှုတွေရှိနေတဲ့ အချိန်ကာလ ၅ နှစ်အတွင်းမှာ ကတ်စတီးရိုဟာ  ပဉ္စမမြောက်ပီရူးသမ္မတ ဖြစ်ပါတယ်။ 

လက်ရှိလွှတ်တော်ကို လက်ယာယိမ်း အတိုက်အခံညွန့်ပေါင်းက ဦးဆောင်နေတာဖြစ်ပြီး သူတို့ထဲက အတော်များများဟာ အစိုးရအဖွဲ့ကိုဦးဆောင်တဲ့ ၀န်ကြီးချုပ်အသစ် ဂွီဒိုဘလ်ရီးဒို အတွက် စိုးရိမ်ပူပန်မှုတွေဖြစ်နေတာပါ။ 

၀န်ကြီးချုပ် ဘလ်ရီးဒိုဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း  Shining Path သူပုန်အုပ်စုရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးကို ထောက်ခံကြောင်း ထင်ရှားခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေတင်ခဲ့တာကြောင့် အကြမ်းဖက်မှုအတွက်တောင်းပန်ခြင်းအမှု ကျူးလွန်ခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဘလ်ရီးဒိုကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရာဇ၀တ်မှုနဲ့ စွဲချက်တင်ထားတာတော့ မရှိပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up