မက္ကဆီကို ပင်လယ်တွင်းရှိ ဟာရီကိန်းအိုင်ဒါ အားကောင်းလာ၊ အမေရိကန်သို့ ဝင်ဖွယ်ရှိ

ဟာရီကိန်းမုန်တိုင်းအိုင်ဒါဟာ ပူနွေးတဲ့ မက်ဆီကို ပင်လယ်ကွေ့ ရေပြင်ကြောင့် အင်အားပိုကောင်းလာပြီး လေပြင်းသက်ရောက်မယ့် ဧရိယာပိုကျယ်လာပြီလို့ မိုးလေဝသပညာရှင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဟာရီကိန်းအိုင်ဒါဟာ အစွန်းရောက် အန္တရာယ်ကြီးတဲ့ အဆင့်လေး မုန်တိုင်းအဖြစ် အမေရိကန်နိုင်ငံထဲကို တစ်နာရီ လေတိုက်နှုန်း မိုင် ၁၄၀ နဲ့ ဝင်ရောက်လာမယ်၊ လူဝီစီယားနား ပြည်နယ်အစိတ်အပိုင်းအများအပြားမှာ မိုးကြီးပြီး မစ္စစ္စပီ မြစ်ဝမှာ မုန်တိုင်းဒီရေဟာလည်း ဆယ်ပေ ကနေ ၁၅ ပေထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသက ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ စနေမနက်မှာ လူဝီစီယားနား ပြည်နယ်ဟောင်မာမြို့ အရှေ့တောင်ဘက် ၄၃၅ မိုင်အကွာမှာ ရှိနေပြီး လေတိုက်နှုန်း တစ်နာရီ ၈၅ မိုင်ထိ ရှိနေတာပါ။
တနင်္ဂနွေ နှောင်းပိုင်းမှာ မုန်တိုင်းက ကုန်းတွင်းကို ဝင်မယ်လို့ အမျိုးသား ဟာရီကိန်းဌာန NHC က ပြောပါတယ်။
အပူပိုင်းမုန်တိုင်း နိုရာကလည်း ဟာရီကိန်းမုန်တိုင်းအဆင့်ကို ရောက်လာပြီး မက်ဆီကို အနောက်တောင်ပိုင်းက အစိတ်အပိုင်းတွေမှာ မိုးကြီး ရေဘေးသင့်နိုင်တယ်လို့ အမေရိကန်အမျိုးသား ဟာရီကိန်းဌာနက ခန့်မှန်းထားပါတယ်။