close

ဘားအံမြို့နယ်၌ ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာ ကေအန်ယူ တပ်မဟာ(၁)နဲ့ စစ်ကောင်စီတပ်တွေ သြဂုတ် ၂၉ မနက်က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာအနီး ဒီနေ့ မနက် ၇ နာရီခွဲလောက်က KNLA တပ်ရင်း(၁)နဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေ ၁၅ မိနစ်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးခဲ့ပေမဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLAဘက်ကတော့ ထိခိုက် ကျဆုံးမှုမရှိဘူးလို့ ကေအန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၈ ရက်နေ့က  ကေအန်ယူ-တပ်ရင်း ၂၀၃ ထိန်းချုပ်နယ်မြေအတွင်း ရတနာပုံလမ်းမကြီး ၂၃ မိုင်/၁၆ မိုင်/ရတနာပုံနဲ့ မြိတ်လမ်းဆုံတို့ နေရာ ၃ ခုမှာ စစ်ကောင်စီတပ်တွေ  နေရာချထားတယ်လို့လည်း ကေအန်ယူထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၂၃ ရက်နဲ့ ၂၄ ရက်အတွင်း ကေအန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့တွေနဲ့ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့  စစ်ကောင်စီ တပ်တွေအကြား ပစ်ခတ်မှုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Photo- KNU

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up