စီရော်နယ်ဒိုက မန်ယူနိုက်တက်ကို ပိုကောင်းသည့်အသင်းဖြစ်အောင် လုပ်ပေးနိုင်မည်ဟု နည်းပြပြော

တိုက်စစ်မှူးသစ်စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းကို ပိုကောင်းတဲ့အသင်းဖြစ်အောင် လုပ်ဆောင် ပေးလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။
မန်ယူအသင်းဟာ ကစားသမားဟောင်း စီရော်နယ်ဒိုကို ယူရိုသန်း ၂၀ ဝန်းကျင်နဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး\ အသင်းရဲ့ခြေစွမ်းကို ပိုမိုတိုးတက်စေလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက မျှော်လင့်ထားတာဖြစ်ပါတယ်။
စီရော်နယ်ဒိုနဲ့ အတူ လက်တွဲ လုပ်ဆောင်သွားရမယ့်အပေါ် စိတ်လှုပ်ရှားမိပြီး အသင်းဆီကို ကွဲပြားခြားနားတဲ့အရာတစ်ခုခု ယူဆောင်ပေးလိမ့်မယ်လို့ ဆိုးလ်ရှားက ချီးကျူးပါတယ်။
“နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ သူပြန်လာမှာဖြစ်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့မျှော်လင့်ပါတယ်။ သူကပိုကောင်းတဲ့အသင်း တစ်သင်း ဖြစ်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ပြီးတော့ အသက်ကြီးပြီဆိုတဲ့ပြောဆိုမှုတွေကို သူသဘောကျမှာဖြစ်ပြီး သူဘာလုပ်နိုင်သလဲဆိုတာကို သက်သေပြပါလိမ့်မယ်”လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။
စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာပေါ်တူဂီအသင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် မှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲမတိုင်ခင် အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။