စီရော်နယ်ဒိုကို ခေါ်ပေးတာ ဆုဖလားရယူနိုင်ခြင်း မဟုတ်ဟု နဗီးလ်သတိပေး

မန်ယူနိုက်တက် အသင်းပိုင်ရှင်တွေအနေနဲ့ စီရော်နယ်ဒိုကို ခေါ်ယူပေးပြီး ပရိသတ်တွေကို ချွေး သိပ်ထားပေမယ့် ဒါက ဆုဖလားရယူနိုင်သေးတာတော့ မဟုတ်ကြောင်း ဂယ်ရီနဗီးလ်က ဝေဖန်လိုက်ပါတယ်။
စကိုင်းစပေါ့ရဲ့ သုံးသပ်ချက်အစီအစဉ်မှာ ယူနိုက်တက်နောက်ခံလူဟောင်း နဗီးလ်က မန်ယူ အသင်းပိုင်ရှင်တွေကို ဝေဖန်စကားဆိုခဲ့တာပါ။
ဂလေဇာမိသားဟာ ပရိသတ်တွေရဲ့ ဖိအားနဲ့ရင်ဆိုင်ရချိန်မှာ သူတို့ ပုံမှန်လုပ်ဆောင်နေကျအတိုင်း လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး လူတွေရဲ့ နှုတ်ဖျားကို ခဏတာ ပိတ်ထားနိုင်ပေမယ့် ယူနိုက်တက်အသင်းမှာ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိသေးတယ်လို့ နဗီးလ်က ပြောပါတယ်။
အရင်နှစ်တွေတုန်းကလည်း အာဆင်နယ်က ဆန်းချက်ဇ်ကို မန်စီးတီးဆီမရောက်ဖို့အတွက် ခေါ်ယူခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာလည်း ရော်နယ်ဒိုကို မန်စီးတီးဆီမရောက်ဖို့အတွက် ခေါ်ယူခဲ့ တာဖြစ်တယ်လို့ နဗီးလ်က သုံးသပ်ခဲ့တာပါ။
ရော်နယ်ဒိုကို ခေါ်ယူလိုက်တဲ့အတွက် ချဲလ်ဆီးအသင်းထက်ပိုကောင်းသွားတယ်လို့ မထင်သလို မနှစ်ကရာသီက အမှတ် ၂ဝ ဖြတ်ခဲ့တဲ့ မန်စီးတီးကို မီဖို့လည်း မထင်သေးကြောင်း ဂယ်ရီနဗီးလ်က သုံးသပ်ခဲ့ပါတယ်။