မိုးကုတ်မြို့က အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းက အမျိုးသမီး တစ်ဦးကို စစ်အုပ်စုက သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက သူမနေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
နီးစပ်သူတစ်ဦးက “မနက်ပိုင်းပဲ ရဲတွေရောက်လာပြီး အဘက ခေါ်ခိုင်းလိုက်တယ်လို့ ပြောပြီး ခေါ်သွားတာ၊ ခေါ်သွားတာကလည်း အရှေ့ပိုင်းစခန်းကိုတခါထဲ ခေါ်သွားတာ” လို့ ပြောပါတယ်။
မိသားစုဝင်တွေအနေနဲ့ ဘာကြောင့် ဖမ်းလဲဆိုတာကို မသိရသေးဘဲ စစ်အုပ်စုက အင်အားသုံး လာခေါ်သွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ မငြိမ်းပိုပိုနိုင်ရဲ့ မိခင်က ၅၀၅ က နဲ့ ဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေရပြီး သမီးဖြစ်သူကို ဘာကြောင့်ဖမ်းလဲ မသိဘူးလို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်အုပ်စုက သြဂုတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ ရပ်ကွက်အချို့ထဲဝင်ပြီး သေနတ် ၃ ချက်ဖောက်ခြောက်လှန့်ခဲ့တယ်လို့ သိရပါတယ်။