ဆာအူးလ်နီဂွက်ဇ်ကို ချဲလ်ဆီးအသင်း အငှားစာချုပ်ဖြင့် ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ် ယူနိုင်မယ့်စာချုပ်ပါ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
အပြောင်းအရွှေ့ ကာလနောက်ဆုံးအချိန်မှာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အငှားစာချုပ်အတွက် ပေါင် ၄ သန်း ချဲလ်ဆီးက ပေးချေရမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဘက်ကလည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရတဲ့အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဆာအူးလ်က ပြောပါတယ်။
ချဲလ်ဆီး အသင်းဂျာစီကို ဝတ်ဆင်ဖို့ မစောင့်နိုင်လောက်အောင်ဖြစ်မိသလို အားလုံးနဲ့ တွေ့ဆုံပြီး လေ့ကျင့်ခန်းဆင်းဖို့လည်း အဆင်သင့်ရှိနေကြောင်း၊ မကြာခင်မှာ တွေ့ဆုံကြမယ့်အကြောင်း ဆာအူးလ်နီဂွက်ဇ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကနေ ပြောပါတယ်။
အသက် ၂၆ နှစ်ရှိ ဆာအူးလ်ဟာ စပိန် လက်ရွေးစင်တစ်ဦး ဖြစ်ပြီး အက်သလက်တီကိုမှာ စုစုပေါင်း ၄၄၇ ပွဲ ကစားခဲ့ပြီး ၅၃ ဂိုးသွင်းယူခဲ့ပါတယ်။