ပြီးပြည့်စုံသည့် ကစားသမားအဖြစ် ပြန်လာခဲ့ခြင်းဖြစ်ဟု လူကာကူပြော

ချဲလ်ဆီးအသင်းဆီ တကျော့ပြန်လာတာဟာ အရင်ထက်ပိုးပြီး ပြီးပြည့်စုံတဲ့ ကစားသမားအဖြစ် ပြန်လာတာလို့ တိုက်စစ်မှူးသစ် လူကာကူက ပြောပါတယ်။
လူကာကူဟာ ချဲလ်ဆီးအသင်းကို ၈ နှစ်အကြာမှာ ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းကောင်းကို ဆက်ထိန်းသွားလိုပြီး တိုက်စစ်မှူး တစ်ဦးမှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးကိုလည်း လေ့လာသင်ယူခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
အသက် ၂၈ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ချဲလ်ဆီးအသင်းမှာ လူငယ်ကစားသမားဘဝ ဖြတ်သန်းခဲ့ပြီးနောက် အဲဗာတန်၊ မန်ယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတွေမှာ စုစုပေါင်း ၁၉၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဆီ ပြန်ရောက်လာပြီးနောက် အသင်းဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာနဲ့လည်း နေ့စဉ် ဖုန်းပြောဆိုပြီး ပြင်ဆင်ခဲ့တယ်လို့ လူကာကူက ပြောပါတယ်။