close

ရေစကြိုမြို့နယ် တပ်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၂ ဦး သေနတ်ဖြင့်ပစ်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် ခလရ ၂၅၆ နဲ့ ၂၅၇ တပ်ရှေ့က စစ်ဆေးရေးဂိတ်မှာ သြဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီးတပ်သား ၂ ယောက်သေနတ်နဲ့ အပစ်ခံရပြီး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ခရလရ ၂၅၆/၂၅၇ တပ်ရှေ့က စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် အပြင်း ထန်ဒဏ်ရာရရှိသွားပြီးတော့ မုံရွာစစ်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ အကြမ်းဖက်စစ်တပ် ၂ ခုရဲ့ မျက်နှာချင်းဆိုင် ရေစကြို-ချောင်းဦး ကားလမ်းမပေါ် ဖူလုံကျေးရွာနားမှာရှိပြီး ဒီနေ့ မနက်ပိုင်းက အင်အားအများအပြားနဲ့ ခရီးသွား ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို စစ်ဆေးနေတာလို့ ဆိုပါတယ်။

နေ့လယ်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်လောက်သာ ကျန်ပြီးတော့ ပြည်သူတွေရဲ့ ဖုန်းတွေကို အသေးစိတ်စစ်ဆေးသလို လက်နက်တွေပါမပါ စစ်ဆေး နေချိန် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ အတည်မပြုနိုင်သေး ဘူးလို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း ရေစကြိုမြို့နယ် ဇီးတောကျေးရွာမှာ ပျူစောထီး ခေါင်းဆောင်တစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇီးတောကျေးရွာမှာ ဒီကနေ့မနက် ၆ နာရီလောက်က စစ်ကောင်စီသတင်းပေး ဒလန် ပျူစောထီးခေါင်းဆောင် ဦးသန်းဌေးကို ရေစကြို PDF တပ်ဖွဲ့နဲ့ မြင်းခြံမြို့နယ် MG6 ပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့တာလို့ ရေစကြို PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီပစ်သတ်ခံရတဲ့ သူဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ ဦးလေးတော်စပ်ပြီး တူဖြစ်သူ ကို ကြိုးကိုင်ကာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပူးပေါင်းကာ နေအိမ်တွေကို ဝင်ရောက်ပြီး ပြည်သူတွေရဲ့ပစ္စည်းတွေကို ဖျက်ဆီးကာ ဒေသခံရွာသားတွေကို ဒုက္ခအမျိုးမျိုးပေးခဲ့တာကြောင့် အခုလို သေနတ်နဲ့ပစ်သတ်ခံရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

 ဇွန် ၂၁ ရက်ကလည်း ဇီးတောအုပ်ချုပ်ရေးမှူး ဝင်းမြင့်အောင်ဟာ ဇီးတောနဲ့ ဆည်ရွာကြား သေနတ်နဲ့ အပစ်ခံရပြီးတော့ လက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up