ကဘူးလ်လေဆိပ်၌ ကျန်နေသည့်အမေရိကန်စစ်ပစ္စည်းများကို တာလီဘန်စစ်ဆေး

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်စစ်တပ်တွေ ထွက်ခွာအပြီး ကဘူးလ်လေဆိပ်မှာ ကျန်ရစ်တဲ့ ပျက်စီးနေတဲ့ လေယာဉ်တွေနဲ့ ပစ္စည်းကိရိယာတွေကို တာလီဘန် စစ်သည်တွေက သြဂုတ် ၃၁ ရက်မှာ စစ်ဆေးခဲ့ကြပါတယ်။
လေဆိပ် ကုန်လှောင်ရုံထဲမှာ ဘီးပြားပြီး ပြတင်းမှန်တွေ ကွဲနေတဲ့ အမေရိကန် စစ်ရဟတ်ယာဉ်တွေနဲ့ ပျက်စီးနေတဲ့ ပစ္စည်းကိရိယာတွေကို မြင်ရပါတယ်။ အမေရိကန်စစ်တပ်ဟာ ကဘူးလ်ကနေ မထွက်ခင် စစ်လေယာဉ်အစီးရေ ၇၀ ကျော်နဲ့ သံချပ်ကာ မော်တော်ယာဉ် စီးရေ ဒါဇင်ချီ ဖျက်ဆီးခဲ့တာပါ။
ဒါ့အပြင် သူတို့ မထွက်ခင် ညမှာတင် အိုင်အက်စ်တွေရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားမှု ကနေ ကာကွယ်ပေးခဲ့တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုပါ အလုပ်မလုပ်နိုင်အောင် ဖျက်ပစ်ခဲ့ ပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရက” ကဘူးလေဆိပ်ထဲမှာ လက်နက်ကိုင်ပြီး လျှောက်သွားနေတဲ့ တာလီဘန်တွေက အမေရိကန် ရဟတ်ယာဉ်တွေကို သိမ်းပိုက်နေတာကို မစိုးရိမ်ပါဘူး။ သူတို့ ကြိုက်သလို စစ်ဆေးနိုင်တယ်။ ဒါပေမဲ့ ပျံသန်းမောင်းနှင်နိုင်မှာ မဟုတ်ဘူး”လို့ CNN သတင်းဌာနကို ပြောပါတယ်။
ခုတော့ အမေရိကန်က မောင်းမထုတ်ခင်က အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးတဲ့ အိုင်အက်စ် စစ်သွေးကြွတွေဟာ အရင်ကထက် ပိုများတဲ့ နယ်မြေတွေကို သိမ်းပိုက်နေပြီလို့ ရိုက်တာ သတင်း ဌာနက ဖော်ပြပါတယ်။
အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ နှစ် ၂၀ စစ်ပွဲ အတွင်း အမေရိကန်စစ်သည် အယောက် ၂၅၀၀နဲ့ အာဖဂန်နိုင်ငံသား ခန့်မှန်းခြေ အယောက် ၂၄၀၀၀၀ သေဆုံးခဲ့ပြီး စစ်စရိတ် အမေရိကန်ဒေါ်လာ ၂ထရီလီယံ ကုန်ကျခဲ့ပါတယ်။