ယူနိုက်တက်နှင့်အတူ နောက်တဆင့်တက်ရန် အခွင့်အရေးကောင်းရှိနေဟု စီရော်နယ်ဒိုပြော

မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာတဟာ နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့် အရေးကောင်းတခုဖြစ်တယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။
စီရော်နယ်ဒိုဟာ မနေ့က အိုးထရက်ဖို့ဒ်ကွင်းကို ပြန်လည်ခြေချခဲ့ပြီး သူ့အတွက်ရော အသင်းနဲ့ ပတ်သက်သူတွေအတွက်ပါ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ အသင်းမီဒီယာကို ပြောခဲ့တာပါ။
“ကျနော်က အသင်းဖောေတွေနဲ့အတူ စွမ်းဆောင်နိုင်စွမ်းရှိပါသေးတယ်။ ရှေ့ဆက်သွားဖို့ အဆင်သင့်ပါပဲ။ ကျနော့်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သလိေ အသင်းနဲ့ ပရိသတ်တွေအတွက်လည်း အခွင့်အရေးကောင်းတစ်ခုပါပဲ။ နောက်ထပ် ၃ နှစ် ၄ နှစ်လောက်အထိ အသင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေမယ်လို့ ထင်ပြီး အဲဒီအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ စီရော်နယ်ဒိုက ပြောပါတယ်။
ရော်နယ်ဒိုဟာ စနေနေ့ ကစားမယ့် နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် တစ်ကျော့ပြန်ပွဲထွက်ကစားပေးသွားဖို့ ရှိနေပါတယ်။