close

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒို မန်ချက်စတာမြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိ

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မန်ချက်စတာမြို့ဆီကို စင်တာဘာ ၃ ရက်နေ့က  သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ပြီးနောက် နည်းပြဆန်းတို့စ်က စောစောစီးစီးပြန်လည်စေလွှတ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကလည်း ယူနိုက်တက်ဆီကို အမြန်ဆုံးပြန်လာခဲ့တာဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ အတူနေချစ်သူဖြစ်သူ ဂျော်ဂျီနာ အပါအဝင် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူ မန်ချက်စတာကို စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်မှာ ဆိုက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ အိပ်ခန်း ၇ ခန်းပါ အဆင့်မြင့်အိမ်မှာ ကွာရင်တင်း ၅ ရက် ဝင်ရမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အသင်းနဲ့ စတင်ပူးပေါင်းလေ့ကျင့်မှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလား  ခြေစစ်ပွဲမှာပွဲပြီးခါနီးမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ကာ ဂျာစီအင်္ကျီချွတ်ပြီး အောင်ပွဲခံရာမှာ အဝါကတ်ပြခံရလို့  ပေါ်တူဂီနဲ့ အဇာဘိုင်ဂျန်တို့ ပွဲစဉ်လွဲချော်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up