close

ဂန့်ဂေါမြို့နယ်၌ တိုက်ပွဲပြင်းထန်ပြီး နှစ်ဘက်အကျအဆုံးများ၊စစ်တပ်က ကျေးရွာများကို မီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၁၀ ရက် ဒီကနေ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီးတော့ နှစ်ဖက်အထိခိုက်အကျဆုံးများပြားကာ အကြမ်းဖက်စစ်တပ်က ရွာတွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၇ ရက်နေ့ကတည်းက ယောဒေသကာကွယ်ရေးတပ်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီးတော့ စစ်ကောင်စီဘက်ကလည်း အထိခိုက်အကျဆုံးများပြားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် ဒေသခံပြည်သူ ၄၀ နီးပါး ကျဆုံးခဲ့တယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲ အခြေနေနဲ့ပတ်သက်လို့တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားတာမရှိသေးပေမယ့် YDF တပ်ဖွဲကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေရပ်တန့်ဖို့နဲ့ မရပ်တန့်ရင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့မိသားစုတွေကို တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ စက်တင်ဘာလ ၉ ရက်နဲ့  ၁၀ ရက်နေ့တွေမှာ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၀ ကျော်လောက်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့ကလည်း မြင်သား၊ သာလင်းရွာတို့ကိုဝင်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒီနေ့မနက်လည်း နှမ်းခါးရွာကို ဝင်ရောက်မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်လာတာကြာင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရွာ အားလုံးနီးပါးရှိ လူဦးရေ ၃၀၀၀၀ လောက်ဟာ ဘေးလွတ်မယ်ထင်တဲ့ တောတွေထဲကို ဝင်ရောက်တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up