close

ရေဦးမြို့က ဖုန်းရောင်းဝယ်ပြုပြင်ရေးဆိုင် ကျပ် သိန်း ၇၀ ဖိုးခန့် ဖောက်ထွင်းခိုးယူခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ တရုတ်တန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ APL ဖုန်း ပြုပြင်ရောင်းဝယ်ရေးဆိုင်ကို စက်တင်ဘာ ၁၃ ရက် ဒီ မနက် ၁ နာရီခန့်က ကာလတန်ကြေး ကျပ် သိန်း ၇၀ ကျော်ဖိုးလောက် ဖောက်ထွင်းခိုးယူခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

model မျိုးစုံဖုန်း ၄၁ လုံးနဲ့ lenovo core i7 8th gen laptop တစ်လုံး ပြုပြင်ဖို့ အပ်ထည် ဖုန်း ၈ လုံး ဖောက်ထွင်းခိုးယူခံလိုက်ရတာ ဖြစ်ပါတယ်။

“ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာမရှိပေမဲ့ မြို့ပေါ်ဆိုတာ ညပိုင်း ဘယ်သူမှ မထွက်ရဲကြဘူးလေ။ ထွက်ရင်လည်း ပစ်သတ်ခံရမှာပဲ။ ဒီလိုကာလ ဖောက်ထွင်းရဲတယ်ဆိုတာကတော့ တော်တော် အသွားအလာချောင်တဲ့သူမို့လို့ပဲ ပြောရမှာပဲ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရေဦးမြို့နယ်မှာ ငွေကြေးလုယက်မှု တချို့ရှိခဲ့ပေမဲ့ တော်လှန်ရေးကာလအတွင်း မြို့ပေါ် ဖောက်ထွင်းခံရတာဟာ ဒါပထမဆုံး‌ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up