ကျူးဘားထုတ် ကိုဗစ်ကာကွယ်ဆေးသုံးရန် ဗီယက်နမ် အတည်ပြု

ဗီယက်နမ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရာမှာ ကျူးဘားနိုင်ငံထုတ် အဘ်ဒါလာ ကာကွယ်ဆေးကိုသုံးဖို့ အတည်ပြုလိုက်တယ်လို့ အစိုးရက စက်တင်ဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
သမ္မတ ဝင့်စွမ်းပူက ကျူးဘားနိုင်ငံရဲ့မြို့တော် ဟာဗားနားကို တရားဝင် အလည်အပတ်ခရီး ထွက်သွားပြီး နာရီပိုင်းအတွင်း ကြေညာချက် ထွက်ပေါ်လာတာပါ။
ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးဆုံး ခံနေရတာပါ။ စုစုပေါင်း ကူးစက်ခံ အတည်ပြုလူဦးရေ ၆၆၇,၀၀၀ ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၁၆,၆၀၀ ကျော် ရှိခဲ့ပါတယ်။
ကူးစက်ခံ အများစုဟာ ဧပြီနှောင်းပိုင်းက ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှုရဲ့ ဓားစာခံတွေ ဖြစ်ပါတယ်။
အဘ်ဒါလာ ကာကွယ်ဆေးဟာ ဗီယက်နမ်မှာ သုံးဖို့ အတည်ပြုထားတဲ့ ရှစ်ခုမြောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးပါ။
အရှေ့တောင်အာရှမှာ ကာကွယ်ဆေးထိုးနှုန်းအနိမ့်ဆုံးဖြစ်နေတဲ့ ဗီယက်နမ်မှာ လူဦးရေ ၉၈ သန်းရဲ့ ၆ ဒသမ ၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအနည်းဆုံး ၂ လုံး ထိုးထားနိုင်တာပါ။
ဗီယက်နမ်နဲ့ ကျူးဘားဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်တဲ့ ကွန်မြူနစ် ငါးနိုင်ငံထဲမှာ ပါဝင်ပြီး တရုတ်၊ လာအိုနဲ့ မြောက်ကိုရီးယားတို့ဟာလည်း ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ပါတယ်။