ဘာစီလိုနာအသင်းကို ဆက်ပြီးဝန်းရံပေးကြရန် ပရိသတ်များ ဥက္ကဋ္ဌလာပေါ်တာ မေတ္တာရပ်ခံ

ရလဒ်ဆိုးရွားမှုတွေနဲ့ ကြုံတွေ့နေရတဲ့အပေါ် အသင်းကို ဆက်ပြီးဝန်းရံပေးကြဖို့ ပရိသတ်တွေကို ဘာစီလိုနာအသင်း ဥက္ကဋ္ဌလာပေါ်တာက မေတ္တာရပ်ခံစကားဆိုလိုက်ပါတယ်။
ဘာစီလိုနာအသင်းဟာ နည်းပြရော်နယ်ကိုးမန်းလက်ထက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး အဓိက ကစားသမားတွေဟာလည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာပါ။
လာလီဂါ ၄ ပွဲကစားအပြီးမှာ ၂ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပြီး ရလဒ်ပိုင်းသာမက ခြေစွမ်းပိုင်းအရလည်း ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေကြတာပါ။
ချန်ပီယံလိဂ်မှာလည်း ပြိုင်ဘက် ဘိုင်ယန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
အသင်းဥက္ကဋ္ဌ လာပေါ်တာကတော့ ခက်ခဲတဲ့အချိန်ကာလမှာ ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုက ပိုမိုလာအပ်ပြီး အသင်းရဲ့နောက်မှာဆက်ပြီး ရှိနေပေးကြဖို့ တွစ်တာကနေ တိုက်တွန်းရေးသားခဲ့တာပါ။
အသင်းမှာ ဘာတွေလိုအပ်နေသလဲဆိုတာကိုသိရှိပြီး ဖြေရှင်းပေးသွားမှာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ လာပေါ်တာက ပရိသတ်တွေကို မေတ္တာရပ်ခံစကားဆိုခဲ့ပါတယ်။