close

အင်ဒိုနီးရှားနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့ မြန်မာ့အရေးဆွေးနွေး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလုရှာဗွတ်ရှိုလူတို့ဟာ နှစ်နိုင်ငံ သီးသန့်တွေ့ဆုံချိန်အတွင်းမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အန်တာရာသတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ အင်ဒိုနီးရှားရဲ့တက်ကြွတဲ့ အခန်းကဏ္ဍအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ အားပေးထောက်ခံကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးပြောကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်နေရတဲ့ကြားမှာ ပိုဆိုးရွားလာတဲ့ လူသားချင်း စာနာမှု အကျပ်အတည်းက ဝန်ကြီးနှစ်ဦးအတွက် အဓိက ပြောစရာအကြောင်းတချက် ဖြစ်လာပါတယ်။ 

လူသားချင်း စာနာထောက်ထားမှု အကူအညီအထောက်အပံ့တွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ အားတက်စရာဖြစ်ပြီး ပိုတိုးပြီးပေးသင့်တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

အင်ဒို-တူရကီ နှစ်နိုင်ငံ ဝန်ကြီးတွေ တွေ့ဆုံချိန်မှာ သူတို့နိုင်ငံတွေအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုအားကောင်းလာရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up