ယူကရိန်း စီးပွားရေးသမား ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ယူကရိန်းနိုင်ငံ၊ ချာရ်ကာစီမြို့က ကဖေးဆိုင်မှာ စီးပွားရေးသမားတယောက်ကို အမည်မသိ လူတယောက်က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ရဲတွေက စက်တင်ဘာ ၂၂ရက်မှာ ပြောပါတယ်။
စီးပွားရေးသမားဟာ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးခဲ့ပြီး တိုက်ခိုက်သူ ကတော့ အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ရဲက ကြေညာချက် ထုတ်ပြန် ပါတယ်။
သံသယရှိသူ သုံးခဲ့တယ်လို့ ထင်ရတဲ့ မီးလောင်ထားတဲ့ သေနတ်တလက်အပါအဝင် မီးလောင်ထားတဲ့ ကားတစီးကို ချာရ်ကာစီမြို့နားက သစ်တောထဲမှာ တွေ့ရတယ်လို့လည်း ရဲတွေက သတင်းထုတ်ပြန်ပါတယ်။
မနေ့က ယူကရိန်းသမ္မတရဲ့ ထိပ်တန်းလက်ထောက် တစ်ဦး စီးနင်း လိုက်ပါလာတဲ့ ကားကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံဖို့ ကြိုးစားမှုဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ကားမောင်းသူ ဒဏ်ရာရခဲ့ပေမယ့် ထိပ်တန်းအကြံပေး ဆယ်ဟီး ရှေဖီယာကတော့ အထိအခိုက်မရှိ လွတ်မြောက် ခဲ့ပါတယ်။