ကိုဗစ်ကာကွယ်ဆေး၊ နည်းပညာကိစ္စ Quad လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျက ခေါင်းဆောင်တွေဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ ထိပ်သီးအစည်းအဝေးခေါ်ယူပြီး ကိုဗစ်ကာကွယ်ဆေး၊ အခြေခံအဆောက်အအုံနဲ့ နည်းပညာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုလိုက်ကြပါတယ်။
သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ကုန်သွယ်ရေးတံခါးဖွင့်ထားမယ့် အင်ဒို ပစိတ်ဖိတ်ဒေသ ဖြစ်ပေါ်ရေး အရေးကြီးတဲ့အကြောင်း အလေးပေးပြောခဲ့ပြီး အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာမိုဒီက ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အလေးပေးပြောကြားခဲ့ပါတယ်။
မောရစ်ဆင်က ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာကြီးထွားလာတာနဲ့ ပတ်သက်လာလို့ ဆွေးနွေးရာမှာတော့ အကြပ်ကိုင်မှုတွေမရှိဖို့ လိုတယ်လို့ ပြောသွားပါတယ်။
Quad လို့ အတိုကောက်ခေါ်တဲ့ ဒီအဖွဲ့ဟာ အာရှဒေသမှာ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း ဘီလီယံနဲ့ချီ ထောက်ပံ့ဖို့ အစီအစဉ်ကိုလည်း ကြေညာဖို့ ရှိပါတယ်။
တရုတ်အစိုးရတော့ Quad အဖွဲ့ကြောင့် ဒေသတွင်းမှာ လက်နက်အင်အား ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာလိမ့်မယ်လို့ သတိပေးနေပါတယ်။