ဂျူဗင်တပ်စ်က ထွက်ခွာခွင့်ပြုမည့် ရမ်ဆေးကို ပရီးမီးယားလိဂ်ကလပ်များ ခေါ်ယူလို

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာခွင့်ပြုတော့မယ့် အာရွန်ရမ်ဆေးကို ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်ယူလိုနေပါတယ်။
ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်စ်နဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်းရှိသေးပေမယ့် လုပ်ခလစာပမာဏများပြားပြီး ပွဲကစားခွင့်လည်း နည်းပါးတာကြောင့် ဂျူဗင်တပ်စ်အသင်းက ရောင်းချဖို့ ပြင်ဆင်လာတာပါ။
ရမ်ဆေးဟာ ၂၀၁၉ ခုနှစ်က အာဆင်နယ်ကနေ ပြောင်းရွှေ့သွားတာဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၆၈ ပွဲပဲ ကစားခွင့်ရခဲ့တာပါ။
ရမ်ဆေးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်နဲ့ နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးဖို့ရှိနေပါတယ်။
ရမ်ဆေးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်မှာ ၁၁ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၃၇၁ ပွဲမှာ ၆၅ ဂိုးသွင်းပြီး ၆၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။