ချဲလ်ဆီးက ရူဒီဂါကို ပရီးမီးယားလိဂ် အကောင်းဆုံးနောက်ခံလူအဖြစ် ရီယိုဖာဒီနန် သတ်မှတ်

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူ ဖြစ်လာပြီလို့ အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူးပါတယ်။
ရူဒီဂါဟာ စပါးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး မနှစ်ကရာသီကလည်း ချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တာပါ။
နည်းပြလမ်းပတ် လက်ထက်မှာ ရူဒီဂါကို အရောင်းစာရင်းတင်တဲ့အထိ ဖြစ်ခဲ့ပေမဲ့ တူချယ် လက်ထက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူ ဖြစ်လာတယ်လို့ ဖာဒီနန်က သူ့ရဲ့ ယူကျုချန်နယ်ကနေ ချီးကျူးခဲ့တာပါ။
ခြေစွမ်းပြလာတာက နည်းပြတွေရဲ့ သဘောထားနဲ့ သက်ဆိုင်ပြီး ကစားသမားတစ်ဦးအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် အဲဒီကစားသမားဟာလည်း ခြေစွမ်းပြဖို့ ခက်ခဲတယ်လို့ ဖာဒီနန်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မန်စီးတီးက ရူဘင်ဒီယက်ဇ်အပြင် လီဗာပူးက ဗန်ဒိုက်ထက်လည်း ပိုကောင်းတဲ့ ကစားသမားဖြစ်လာပြီလို့ ရူဒီဂါကို ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။