ရာထူးကနေ ထုတ်ပယ်ခံရနိုင်ကြောင်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း ဝန်ခံ

ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခံရ နိုင်ကြောင်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ဝန်ခံသွားပါတယ်။
ဘာစီလိုနာအသင်းဟာ အဓိက ကစားသမားတချို့ ပြန်ပါလာခဲ့ပေမယ့် ပေါ်တူဂီကလပ် ဘင်ဖီကာကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်နဲ့ပဲ အရှုံးပေးခဲ့ရတဲ့ ဘာစီလို နာအသင်းဟာ ၂ ပွဲဆက်တိုက်ရူံးပွဲတွေ့ခဲ့လို့ အုပ်စုတက်ဖို့လည်း ရုန်းကန်ရတော့မှာဖြစ်သလို နည်းပြ ကိုးမန်းရဲ့ အနာဂတ်ကလည်း မသေမချာဖြစ်လာခဲ့တာပါ။
ကိုးမန်းကတော့ သူ့ဘက်မှာ ကစားသမား တွေရှိပေယ့် အသင်းဘုတ်အဖွဲ့က ဆက်လက်ထောက်ခံမလားဆိုတာ မသိနိုင်တာကြောင့် ထုတ်ပယ်ခံရနိုင်တယ်လို့ ပွဲအပြီးမှာ ဝန်ခံစကားဆိုခဲ့တာပါ။
“အသင်းက အရင်နှစ်တွေကလို မဟုတ်တော့ဘူး။ ရလဒ်ကောင်းရဖို့ ခက်ခဲနေတယ်။ ဂိုးစောစောပေးလိုက်ရပြီးနောက် ကောင်းမွန်အောင်ကစားနိုင်ခဲ့ပေမဲ့ ဂိုးတော့မရခဲ့ဘူး။ သူတို့က အလွန်သန်မာပြီးမြန်နေတယ်။ ကျနော်တို့ထက်ကောင်းတဲ့ေသင်းတွ များနေပါပြီ” လို့ နည်းပြရော်နယ်ကိုးမန်းက ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။