နည်းပြရော်နယ်ကိုးမန်းနေရာတွင် မာတီနက်ဇ်ကို အစားထိုးခန့်အပ်ရန် ဘာစီလိုနာ ပြင်ဆင်

ဘာစီလိုနာအသင်းဟာ နည်းပြရော်နယ်ကိုမန်းကို ထုတ်ပယ်ပြီး ဘယ်လ်ဂျီယံ အသင်းနည်းပြ မာတီနက်ဇ်နဲ့ခေါ်ယူ အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဂရန်နာဒါနဲ့ ကာဒစ်အသင်းတွေနဲ့ လာလီဂါ ၂ ပွဲဆက် သရေကျခဲ့တာပါ။
အသင်းရဲ့ရလဒ်ပိုင်းနဲ့ ခြေစွမ်းအပေါ် ဘုတ်အဖွဲ့က စိတ်ပျက်နေပြီး ဥက္ကဋ္ဌ လာပေါ်တာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ မာတီနက်ဇ်ကို ခေါ်ယူ ခန့်အပ်ဖို့စီစဉ်နေတယ်လို့ Goal.com ကဖော်ပြပါတယ်။
စပိန်လူမျိုး နည်းပြ မာတီနက်ဇ်ဟာ ၂၀၁၆ ခုနှစ်က အဲဗာတန်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ခြင်း မရှိတော့တာဖြစ်ပါတယ်။ အဲဒီနောက် ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြဖြစ်လာပြီး ၂၀၁၈ ကမ္ဘာ့ဖလား မှာ တတိယဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မာတီနက်ဇ်ဘက်ကတော့ ဘယ်လ်ဂျီယံနဲ့ နေးရှင်းလိဂ်ပွဲတွေပြီးတဲ့အထိ ဆက်ပြီး ကိုင်တွယ်လိုနေတာကြောင့် အောက်တိုဘာလအတွင်းမှသာ ပြောင်းရွှေ့ဖို့ရှိနေ တယ်လို့သိရပါတယ်။