အပြောင်းအလဲများကြား တည်ငြိမ်မူရှိကြရန် ဘာစီလိုနာနောက်ခံလူ ပီကေးတိုက်တွန်း

ဘာစီလိုနာအသင်းအနေနဲ့ အပြောင်းအလဲတွေကြားမှာ တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်လို့ နောက်ခံလူ ပီကေးက ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ မနေ့ညက ကာဒစ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ၃ ပွဲ ဆက်နိုင်ပွဲပျောက်ဆုံးသွားခဲ့တာပါ။
ဘာစီလိုနာအသင်းမှာ အသင်းနည်းပြနဲ့ ဥက္ကဋ္ဌအပြောင်းအလဲတွေရှိခဲ့ပြီး တည်ငြိမ်မှုရှိဖို့လိုကြောင်း၊ ရည်မှန်းချက်တွေအတွက် အတူတကွ လုပ်ဆောင်သွားရမှာဖြစ်ပြီး စည်းလုံးမှုမရှိရင်တော့ အသင်းကို ကူညီပေးနိုင်မှာမဟုတ်ကြောင်း ပီကေးက တိုက်တွန်းခဲ့တာပါ။
ပီကေးအနေနဲ့ ပွဲစဉ်ဇယားရေးဆွဲမှုအပေါ်မှာလည်း ဝေဖန်သွားခဲ့ပြီး တနင်္လာနေ့ ကစားအပြီးမှာ ကြာသာပတေးနေ့ပွဲစဉ်ဆက်ကစားရတဲ့အပေါ် နားမလည်နိုင်အောင်ဖြစ်မိကြောင်း ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ စက်တင်ဘာ ၂၁ ရက်က ဂရန်နာဒါအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ ကာဒစ်နဲ့ ဂိုးမရှိသရေကျခဲ့တာပါ။ အဲဒီနောက် တစ်ရက်သာခြားပြီးနောက် စက်တင်ဘာ ၂၆ ရက်မှာ လီဗန်တေးအသင်းနဲ့ ဆက်ပြီး ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။